Agriculture for a better world. 
Sandakuu & Myitzu

ဆလပ် ဘယ်လိုစိုက်ရလဲ ??

ကျွန်တော်တို့သိထားတဲ့ ဆလပ်ပင်ကို ရှေးနှစ်ပေါင်းများစွာတည်းက အာရှတိုက်တွင် စိုက်ပျိုးခဲ့ကြပါသည်။ ဆလတ်ပင် စိုက်ပျိုးခြင်းသည် ပါးရှားပြည်မှ ဥရောပတိုက်သို့ ပျံနှံ့လာခဲ့ပြီးနောက် (၁၃၄၅)ခုနှစ်မှာတော့ အင်္ဂလန်တွင် စတင်စိုက်ပျိုးခဲ့သည်။ ဗီတာမင် A နှင့် ဗီတာမင်B တို့ကို ကြွယ်ဝစေတဲ့ ဆလပ်ရွက်ဟာ ကျန်းမာရေးကို ဖြည့်စွမ်းနိုင်သဖြင့် စားသုံးရန် အထူးသင့်လျော်သော ဟင်းရွက်မျိုးဖြစ်ပါသည်။ ဆလတ်ရွက်ကို များသောအားဖြင့် အစိမ်း စားကြသည်။ မြန်မာနိုင်ငံမှာတော့ ဟင်းလျာ၌ ဆလတ်ထုပ်ကို ကြော်ချက်၍ စားကြသည်လည်းရှိသည်။ ဆလတ်ပင်ကို မြန်မာနိုင်ငံ ပြည်မနှင့် ရှမ်းပြည်နယ်တွင် အနှံ့အပြား စိုက်ပျိုးကြသည်။ ဆလပ်ကို မြန်မာနိုင်ငံ၏ ဒေသမရွေးစိုက်ပျိုးနိုင်သည်။ ဆလပ်အမျိုးအစား (၄)မျိုးရှိသည့်အထဲမှာ မြန်မာနိုင်ငံတွင် အထုပ်မျိုးနှင့် ရွက်ပြန့်မျိုးဟူ၍ (၂) မျိုး အဓိကထား အစိုက်များကြပြီး အနီရောင် ၊ အစိမ်းရောင်ဆိုပြီး ရှိသည်။

 မျိုးရွေးချယ်ခြင်း -------------- 

ရွက်နီ၊ရွက်စိမ်း ဒေသမျိုးများကိုသာအစိုက်များသည်။ အထုပ်မျိုးတွင် နိုင်ငံခြားမျိုးများကို စိုက်ပျိုးကြသည်။ (၁)ဧက မျိုးစေ့ (၁၀၀) ဂရမ်လိုအပ်ပါသည်။ မစိုက်ခင် မျိုးပေါက်မပေါက် စစ်ဆေးပြီးမှသာ စိုက်ပျိုးသင့်ပါသည်။ 

ပျိုးထောင်ခြင်း --------------

 ပျိုးဘောင်ပေါ်တွင် (၄)လက်မခြားမြောင်းများဆွဲ၍ မျိုးစေ့ကိုကြွက်မြီးတန်းချပါ။ အပေါ်မှ သဘာဝမြေဆွေးခပ် ပါးပါးအစေ့မြုပ်ရုံ အုပ်ပေးပါ။ ကာက်ရိုးကိုဘောင်ပေါ်မှ ပါးပါးအုပ်၍ မိုးရွာပါက အမိုးအကာပြုလုပ်ထားပေးရ မည်။ ဆလပ်စေ့များကိုမပျိုးမီ နပူပြပြီးမှစိုက်ပါ။ သို့မှသာ အပင်ပေါက်ကောင်းမွန်သည်။ ဆလပ်ကို တိုက်ရိုက် အစေ့ချ၍လည်းကောင်းပျိုးထောင်၍လည်းကောင်း စိုက်ပျိုးကြသည်။ ပျိုးထောင်ရာ ၊ ပျိုးစိုက်ရာတွင် မညက်သည့်အထိ ထယ်ထိုး ထွန်မွှေပေးရသည်။ပေါင်းမြက်၊ အမှိုက်များကို ကာက်ယူဖယ်ရှားပေးရပါမည်။ ထို့နောက်သဘာဝမြေဆွေးနှင့် စိုက်ပျိုးမြေ ဆတူရောစပ်၍(၃)ပေအကျယ် (၆)လက်မအမြင့် ပျိုးဘောင်ဖေါ်ပါ။ ပျိုးဘောင်ပေါ်သို့ တီစူပါဓါတ်မြေသြဇာထည့်ပေးရမည်။

 မြေပြုပြင်ခြင်း ----------- 

ဆလပ်စိုက်ပျိုးသည့်မြေသည် မြေဆီထက်သန်ရမည်။စိုက်ဘောင်ကို(၃)ပေ အကျယ်၊ (၆)လက်မအမြင့်ဖေါ်၍ တစ်ဘောင်နှင့် တစ်ဘောင်ကြား(၁)ပေ၊ (၁)ပေခွဲခန့်ရှိသည့်သည်။ စိုက်ဘောင်ကိုမြေညက်အောင်ဆွ၍ မျက်နှာပြင်ညှိထားပေးရမည်။

 စိုက်ပျိုးခြင်း --------------- 

အပင်နှစ်ပတ်သားတွင် (၂၁း၂၁း၂၁)ကဲ့သို့ အချိုးညီရွက်ဖြန်းမြေသြဇာဖျန်းပြီး အထုပ်မျိုးများကို(၃)ပတ်သား တွင် ရွှ့ပြောင်းစိုက်ရပါမည်။ရွှေ့ပြောင်းစိုက်စဉ် နပူမမိစေရန်နှင့် မိုးမမိစေရန် အရိပ်ပါမိုးထားပေးပါ။ရေကိုဝေ အာင်လောင်းပေးရပါမည်။ -အပင်အကွာအဝေးမှာ အထုပ်မျိုး ပင်ကြား တန်းကြား - ၈×၈ လက်မ(၁ဧက ၄၈၀၀၀ ပင်) ရွက်စားမျိုး - ၄×၄ လက်မ၊ (၁)လသားတွင် တန်းကြား(၁)တန်းနုတ်၍ - ၈×၄ လက်မ(၁ဧက ၉၈၀၀၀ ပင်)ရွှေ့စိုက်ပြီး (၂)ပတ်သားမှစ၍ က်ထရိုဂျင် ဝ.၅ % (ရေ (၁)လီတာတွင် ယူရီးယား လက်ဖက်စားဇွန်း(၁)ဇွန်း) မြေသြဇာရည်အပတ်စဉ်ဖျော်လောင်းပါ။မြေသြဇာလောင်းပြီးပြီးချင်း၊ ရနောက်မှလိုက်လောင်းပေးပါ။ အလွန်အေးသော တိုင်းပြည်များတွင် ဆလတ်ထုပ်များကို ပထမဦးစွာ ဖန်မိုးဖန်ကာ တဲငယ်များတွင် စိုက်ပျိုးပြီးလျှင် ထွက်လာသော အပင်ကလေးများကို ခြံများအတွင်းသို့ ရွေ့ ပြောင်း၍စိုက်ပျိုးရသည်။ နှစ်လခွဲမှ သုံးလအကြာတွင် ဆွတ်ခူး ယူနိုင်သည်။ ဆလတ်ပင်သည် စိုစွတ်အေးမြသော ရာသီဥတုကို နှစ်သက်သည်။

 မြေသြဇာကျွေးခြင်း ------------------

 တစ်ဧကအတွက် သဘာဝမြေသြဇာ (၅-၁၀)စီး ယူရီးယား(၂)အိတ်၊ တီစူပါ (၁)အိတ်၊ ပိုတက်ရှ်(၁)အိတ်ထည့်ရန်လိုအပ်ပါသည်။ 

အပင်ပြုစုခြင်း ----------------- 

ပေါင်းကိုမြေပြင်စဉ်ကပင်ကောက်ထုတ်သင့်ပါသည်။ ရွှ့စိုက်ပြီး အပင်ငယ်စဉ်တွင် ပါင်းနုတ်ပါက အမြစ်လှန်ပျက်စီးတတ်သည်။အကြိမ်ကြိမ်ထယ်ထိုး ထွန်မွှေခြင်းဖြင့် မပြင်ချိန်တစ်လခန့် ယူ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ရေအဆက်မပြတ်လိုသောသီးနှံဖြစ်သည်။ န့စဉ်ရေလောင်းပေးရန် လိုအပ်သည်။ လောင်းရေဖြင့်မလုံလောက်ပါက ဘာင်များကြားမှ ရသွင်းခြင်းတပြိုင်နက်ပြုလုပ်ပါ။ ရွက်စားကျိုင်ငယ်များ၊ ခူကောင်များဖျက်စီးမှုများသည်။ သက်တမ်းတိုရွက်သားသီးနှံဖြစ်၍ တမာပိုးသတ်ဆေး ကိုအဓိကထား၍ သုံးသင့်ပါသည်။ မျိုးစေ့ကိုဟိုမိုင်းကဲ့သို့မျိုးစေ့လူးနယ်ဆေးဖြန်းစီရင်စိုက်ခြင်းဖြင့် ရွက်ခြောက် ရောဂါကိုကာကွယ်ပါ။ အကွက်လိုက်သေပါကပင်လုံးပြန့်မှိုသတ်ဆေးဖြင့် နှိမ်းနင်းကာကွယ်ပါ။

ခူးဆွတ်ခြင်း --------------- 

ရွက်စားဆလပ်ကို တစ်လသားတွင် စတင်နုတ်ယူရောင်းချနိုင်သည်။ဆလပ်ထုတ်ကိုလက်နှင့် ပ်ကြည့်၍‌ဈေး ကွက်ဝင်သောအရွယ်တွင် စတင်နုတ်ယူနိုင်သည်။ အထုပ်ကိုမျိုးအလိုက် (၆၀-၇၀)ရက်တွင် တ်ယူနိုင်သည်။ထိုထက်အသက်ငယ်သောမျိုးများရှိသည်။ 

မျိုးစေ့ထုတ်ယူခြင်း----------------------- 

မျိုးစေ့ထုတ်စိုက်ခင်း၏ဘောင်ကို သီးခြားထားရပါမည်။ပိုးမွှားရောဂါများကို ကာကွယ်ထားပါ။(၁)ပင်နှင့်(၁)ပင် (၁)ပေခြားထား၍ ပိုတက်ရှ်မြေသြဇာကို စိုက်ခင်းထက်(၂)အိတ်ခန့်ပိုထည့်ပေးပါ။ ပန်းစပွင့်ချိန်တွင် အစိုဓါတ် မပြတ်အောင် ဂရိုစိုက်ပြီး အစေ့တည်ချိန် ရလိုပါက ရသွင်းရမည်။ ပန်းပြိုင်ပွင့်ပြီး(၄၅)ရက်ခန့်တွင် အစေ့များ အညိုရောင်ပြောင်းလျှင် အစေ့များရင့်မှည့်ပြီဖြစ်သဖြင့် အပင်လိုက်ခုတ်၍နေလှန်းပါ။ခြောက်သောအခါ ဖျာပေါ် တွင် အဝတ်သန့်သန့်ခင်း၍ အသီးတောင့်များတင်ပြီး လက်၊ခြေနှင့်ဖြေးဖြေးနင်းပါ။အဖျင်းအမှော်နှင့် အစေ့သီးခြားဖယ်ထုတ်ပြီးအေး၍ ခြောက်သွေ့သောနေရာတွင် လေလုံပိတ်၍သိုလှောင်ထားရပါမည်။ 

 #ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန 


"သစ်ခွပန်း ပြန်လည်ခွဲစိုက်နည်း"

 💙💚💛💙💚💛

 ရိုးရိုးရှင်းရှင်းလေးပါဘဲ ပညာရှင်တွေအတွက်တော့ မထူးဆန်းဘူးဆိုပေမဲ့ လုံးဝမသိသေးတဲ့ နောက်ပြီး သစ်ခွကိုချစ်တဲ့ ကိုကို မမ ညီမလေးတွေအတွက် ရည်ရွယ်ပါတယ်။ သုံးလကြာစမ်းသပ်မှုလေးအောင်မြင်ခဲ့လို့ တင်ပေးလိုက်ရခြင်းပါ။ မိမိတို့အိမ်မှာအလှစိုက်ပျိုးထားတဲ့ သစ်ခွတွေ အပွင့်ပွင့်ပြီး အပင်ကို ဒီအတိုင်းထားမဲ့အစား ပြန်လည်ခွဲစိုက်လိုက်မယ်ဆိုရင် သစ်ခွတွေ မျိုးပွါးလာမှာအမှန်ပါ ။ ပထမ အပွင့်ပွင့်ပြီးအပင်ရိုးတံအား စတီးလ်ဓါးဖြင့် အပင်အရင်းနား ကပ်၍လှီးပါ။ (သံချေးတက်နေသောဓါး အသုံးပြုလျှင် စိတ်မချရပါ ) ခပ်စောင်းစောင်းကလေး လှီးပေးပါ ထို့နောက် အုန်းဆံခွံအား နှစ်ပိုင်း ပိုင်း၍ အပေါက်ကလေးဖောက်ပြီး ၎င်းလှီးထားသော အပင်အား တစ်လက်မခွဲခန့် ထိုးသွင်းလိုက်ပါ။ အုန်းဆံခွံ သို့မဟုတ် ခွက်တစ်ခုခုဖြင့်ထည့် ပြီး စုပေါင်းပျိုးထားပေးပါ။ နေရာင်ခြည်တိုက်ရိုက် မထိနိုင်သော အရိပ်အောက်၌ထားပါ။ ရေမခြောက်သွားအောင်တော့ ဂရုစိုက်ရပါလိမ့်မယ် သုံးရက်တစ်ခါရေးလောင်းပေးပါ ။ တစ်လကျော်တာနဲ့အရိုးတံကနေ အစို့ကလေးထွက်လာပြီး သားတက်နှင့်တကွ အမြစ်ပါ ထွက်လာပါလိမ့်မယ်။ သားတက်နှစ်လက်မအရွယ်ရောက်ပါက ကြိုက်နှစ်သက်ရာနေရာတွေမှာ စိုက်လို့ရပါပြီ။ စိုက်ပျိုးရေး နည်းပညာ မျှဝေပေးလိုက်ပါတယ်ဗျ

🌼 ကြာပန်း စိုက်ပျိုးနည်း 🌼

Water Lily🌼🌼🌼 ~ 

ကြာပန်းစိုက်ပျိုးရန် မြေပြုပြင်ခြင်း

 ---------------------------------------------- - 

မိမိတို့၏ နေအိမ်ခြံ၀င်းအတွင်းတွင် မြေယာရှုခင်းအလှဆင်ရန်အတွက် ကြာပန်းပင်စိုက်ပျိုးမယ်ဆိုပါက စိုက်ပျိုးတဲ့မြေက အရေးအကြီးဆုံးပါခင်ဗျာ ... - ပထမဦးစွာ သဲနုနုန်းမြေနဲ့ မြေဆွေးကိုရောပြီး စိုက်မဲ့အိုးထဲကို ( ၆ ) လက်မခန့် အနည်းဆုံးထည့်ပါ ... ထည့်ပြီးမှ ကြာပင်ကို အမြစ်မြှပ်ရုံလေး စိုက်ပါ .... - စိုက်မယ့်ကြာပင်ရဲ့ အရွက်အုံကို ( ၁ ) လက်မလောက် မြေနဲ့ခွာပြီးထားပါ .... ပြီးမှ ချောင်းသဲသန့်သန့်ကို လက်မဝက်ခန့် ထည့်ပေးပါ ... အပင်စစိုက်ချိန်တွင် မြေဩဇာလုံးဝမထည့်ပါနဲ့ ( သို့ ) အများကြီးမထည့်ပါနဲ့ခင်ဗျာ .... - အပင်စိုက်ပြီးပါက ရေကိုအနည်းဆုံး ၁၂ / ၁၈ လက်မခန့်အား စိုက်သည့်ကြာပင်အတွက် အိုးနှင့် သင့်တော်သလို ထည့်နိုင်ပါတယ် ... - ကြာကို နေရောင်ခြည် အပြည့်အဝရသောနေရာတွင် ထားပါ ... မကြာမီ ကြာပန်းများ လှပစွာ ပွင့်လန်းလာပါလိမ့်မယ်ခင်ဗျာ ..... 

ပြောင်းဖူးအဆို့အချဥ်ဖောက်နည်း

ပြောင်းဖူးအချဥ်​ဖောက်ရည်ကရတဲ့သဘာဝဟော်မုန်းဟာ (ပန်းပင် အပင်သေးတဲ့ နှင်းဆီ စပယ်ကအစ အသီးစား အပင်ကြီးတဲ့ သရက်ပင်တွေအထိသုံးလို့ရပါတယ်) ပန်းပွင့်လိုမယ့်အပင်ကို ပန်းပွင့်ဖို့အားပေးစေပြီးတော့ အမြစ်အားပေးပါတယ် သီးပင်စားပင်တွေကိုတော့ အသီးအားပေးတာနဲ့ အပင်အမြစ်​ကို ပိုမိုခိုင်မာဖွံ့ထွားစေပါတယ် မျိုးစေ့တွေအပင်ဖောက်ဖို့အတွက် ရိုးရိုးရေနဲ့စိမ်တာထက် ပြောင်းဖူးအဆို့အချဥ်ဖောက်ရည်နဲ့စိမ်ပြီး မျိုးစေ့အပင်ဖောက်တာက ၆ဆမှ ၁၀ဆလောက် ပေါက်နှုန်းကောင်းတာ အထွားမြန်တာ ပိုကြီထွားတာ အသီးတင်အားပိုတာ တွေ့ရှိရပါတယ် အားလုံးပဲမြင်ကျမယ်ထင်ပါတယ် ကိုရိုနာဗိုင်းရပ်ဂယက်ကြောင့် တရုတ်က မြန်မာပြည်ကထွက်တဲ့ပြောင်းဖူးတွေကို ထွက်သမျှမဝယ်တော့လို့ တောင်သူတွေမှာ မူဆယ်အရောက်တင်ပြီး မူဆယ်ဂိတ်က ကုန်တွေမဖြုန်းပေးနိုင်တာကြောင့် ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်သယ်လာချင်ပေမယ့် ဒီ​ပြောင်းဖူးတွေကိုရောင်းမှပဲ ငွေပေါ်မယ့် တောင်သူတွေမှာ ပြန်သယ်လာရမယ့်အဖိုးခအခတ်အခဲတွေကြောင့် အမှိုက်လို ဒီအတိုင်းလွှတ်ပစ်တာ မြင်ရတော့ နှမြောမိပါတယ်ဗျာ ဒါ့ကြောင့် အမှိုက်ထဲကရွှေတွေထုတ်နိုင်ဖို့ကို ပြောင်းဖူးအဆို့အချဥ်ဖောက်နည်းကို တင် ပေးလိုက်ပါတယ် တောင်သူတွေစိုက်တဲ့သီးနှံတိုင်း စျေးကွက်ကောင်းမိပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်ဗျ ပြောင်းဖူးကို အညှောင့်ဖောက်ပြီး အညှောက်က တလက်မဝန်းကျင် အရွယ်မရောက်ခင်မှာ ကြိတ်စက်နဲ့ ကြိတ်ပြီးတော့ ပြောင်းဖူးမှုန့် ၁ ဆ သကာရည်တဆ ရေ၃ဆနဲ့ (မုန့်လုပ်ထညက်နဲ့ဖျော်ထားတဲ့ သကာရည်ကိုဆိုလိုတာပါ) ဒီနေရာမှာ( Emရှိရင် EMထည့်ပေးတါက ပြောင်းဖူးအစေ့အညှောင့်ဖောက်ထားပြီးကျိတ်ထားတဲ့အမှုန့်တွေကို အချဥ်ဖောက်လုပ်ငန်း ပိုမြန်ဆန်စေပါတယ်)မရှိရင်လဲ မထည့်ပဲနေလို့ရပါတယ်ဗျ ရောနှောမွှေပေးပြီး ၂ပတ်ခန့်စိမ်ပါ နှစ်လအထက်စိမ်နိုင်ရင် #ပိုကောင်းပါတယ် စိမ်တုန်းကာလမှာ နှစ်ရက်တကြိမ် နှံ့အောင်မွှေပေးရုံပါပဲ အေးပြီးခြောက်သွေ့တဲ့နေရာမှာထားဖို့လဲအရေးကြီးပါတယ်ဗျ အချဥ်ဖောက်လုပ်ငန်းပြီးဆုံးရင်တော့ ပြောင်းဖူးအမှုန့်တွေအနည်ထိုင်နေတဲ့အနှစ်တွေဖြစ်လာမှာပါ ဒါကို အနှစ်မပါအောင် ဇကာစစ်ချပြီး အရည်ကို ဆေးဖြန်း ၄ဂါလံတပုံးမှာ ၂၀၀ကနေ ၄၀၀ စီစီအထိ ထည့်ပြီး အပင်ပေါက်တွေကို ဖြန်းနိုင်ပါတယ် ပေါင်းဖူးအနှစ်တွေကိုတော့ မြေဆွေး ရိုးရိုးမြေနဲ့ရောပြီးသုံးနိုင်ပါတယ် ပန်းပင်ဖျန်းရင်တော့ အပွင့်ရှိနေတဲ့အပင်ကိုမဖျန်းမိဖို့အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ EMထည့်ပြီးအချဥ်ဖောက်ထားတဲ့အတွက် ပန်းတွေအနံ့မမွှေးမှာဆိုးလို့ပါ EMရဲ့ ဂုဏ်သတ္တိက အနံ့ဆိုးအနံ့ကောင်းမှန်သမျှဖျောက်ပစ်နိုင်လို့ပါ အသီးစားပင်တွေကိုတော့ ပန်းမပွင့်မီကနေ အသီးအောင်တဲ့အထိဖျန်းနိုင်ပါတယ် အပင်ချေလောင်းပေးတာက အသီးချိုအပွင့်ကြီးစေပါတယ် ဒီအချဥ်ဖောက်ရည်မှာ အပင်ပေါက်တွေမှာ လိုအပ်တဲ့ အောက်ဇင်ဟော်မုန်း ဆိုင်တိုကိုင်နင်ဟော်မုန်း ဂျစ်ဘရယ်လင်ဟော်မုန်းအပြင် တခြားအပင်အတွက်လိုအပ်တဲ့ အင်ဇိုင်းများစွာ အာဟာရများစွာ ပါဝင်ပါတယ် ဒီနေရာမှာ အထူးသတိပြုရှောင်ရန်ကတော့ ပြောင်းဖူးအဆို့အချဥ်ဖောက်ရည်နဲ့ ဘယ်ပိုးသတ်ဆေးပေါင်းသတ်ဆေးနဲ့မှရောမသုံးမိဖို့ပါပဲ ပေါင်းသတ်ဆေးပိုးသတ်ဆေးတွေ ထည့်ဖူးတဲ့ပုံးတွေထဲလဲ ထည့်မဖျန်းမိပါစေနဲ့ဗျ တခြားorganicဆေးမှန်သမျှနဲ့တွဲသုံးနိုင်ပါတယ်ဗျ 


Facebook https://www.facebook.com/sandakuumyitzu